Wednesday, February 15, 2012

ချစ်သူများနေ့အမှတ်တရ နတ်သမီးအတွက်

Friday, February 10, 2012

ပျောက်ဆုံးနေသောလိုအပ်ချင်း


ရယ်မောခြင်းကင်းတဲ့
လွင်ပြင်တစ်ခုမှာ
ပျောက်ဆုံးနေတဲ့
အပြုံးတစ်ခုကို
ရှာဖွေဖို့ထွက်လာခဲ့သလို
ပင်ပန်းနွမ်းနယ်လှပြီ။
တိမ်ရောင်စုံတွေကလည်း
မင်းမရှိတဲ့အချိန်မှာ မလှပနိုင်တော့ဘူး
ရှင်သန်ဖို့ ရူရှိုက်ရတဲ့လေက
အနံပျောက်နေသလို
ငါ့ကမ္ဘာမှာမင်းလိုနေတယ်…..
တောင်တမန်လေတွေလည်း
စစ်ခင်းဖို့အသင့်ပြင်ချိန်
နေမင်းက အနောက်ဖတ်စွန်းက
တိုက်အိုတွေကြားကို အပြေးအလွှားပုန်းခိုနေတယ်
ဒါပေမဲ့…..
လုံခြုံစွာမ၀ှတ်ထားနိုင်တဲ့
အလင်းတန်းအချို့က
လေနှင်ရာမျော်နေတဲ့
တိမ်တိုက်တွေကို
အရောင်စွန်းစေတယ်…
ပွဲကြည့်ပရိတ်သတ်အဖြစ်
ရပ်ကြည့်ရင်း
လှပတဲ့မြင်ကွင်းတွေအစား
နတ်သမီးက ကြီးစိုးလို့
အတွေးကျည်ဆံတည်ရာက
မင်းပဲဖြစ်နေတယ်…..နတ်သမီးရေ၊        ၊။

သူပြောတဲ့သူငယ်ချင်း


အတူတကွဆုံချိန်တွေမှာ
ကောင်းကင်ကတိမ်ရောင်စုံနဲ့
သရုပ်ပြ၀မ်းသာခဲ့ဖူးတယ်…
ခွဲခွာခဲ့သူရဲအပြစ်မဟုတ်သလို
ကျန်ရစ်ခဲ့သူရဲ့အပြစ်လည်းမဟုတ်ခဲ့ဘူး
အတူတူဆုံဖို့ကိုစောင့်စားလို့
ရေးခဲ့တဲ့ ကဗျာတွေလည်း
ကာရန်မဲ့နေပြီ…
ရင်ခုန်သံတွေက ပျောက်ဆုံးလို့
နင်မရှိတဲ့ အရပ်က
သောက်သုံးခွင့်ရတဲ့ ရေ တောင်
အရသာမဲ့ချင်တယ်
ပြန်လာဖို့ကိုတောင်းဆိုခွင့်မရှိသလို
ထွက်မသွားဖို့ကိုလည်း မတားဆီးနိုင်ခဲ့ဘူး
ဘာမှန်းမသိတဲ့
မရေရာမှုတွေက လေထဲမှာ
ခနော်ခနဲ့ အိမ်အဖြစ်တည်ရှိနေတယ်
ချစ်သူနှစ်ဦးရဲ့ဝေးကွားမှုကမှ
အလွမ်းအဖြစ် ကြွင်းကျန်ရစ်တယ်ဆိုရင်
နင့်ကိုတမ်းတမိတဲ့ အချိန်ကို
ငါဘယ်လို ခေါင်းစဉ်တပ်ရမလဲ
ခြားနားတဲ့မေတ္တာနှစ်ခုရဲ့ လွန်စွဲမှုအောက်က ငါ…
နင့်ကို ပြင်းပြင်းရှရှရသတွေနဲ့အတူ
သတိရခြင်းထက်လွန်ကဲလို့ တမ်းတနေတယ်ပြီ။    ။။

Monday, January 9, 2012

ရေပေါ်အရုပ်ရေးကြမယ်


ရင်းနှီးမှုဖြင့်
အစပျိုးသည့်
ချစ်ခြင်းအလင်္ကာ
သံယောဇဉ်ကမ္ဘာကို
တည်ဆောက်သမှု
အတူတကွပြုရန်
ဖိတ်ခေါ်ပါသည်
သြော်…
ကျွန်ုပ် မြတ်နိုးလှသော
မိဖုရားငယ်…

azakarban

နတ်သမီးရေ...
မင်းမရှိတဲ့နေတွေက ငါ့အတွက်တော့
အလင်းပျောက်ကြယ်တွေနဲ့ အတူ
လမိုက်ညမှာ ကခုန်နေရသလိုပါပဲ

နတ်သမီးရေ …
မင်းမရှိတော့ ငါ့ဘ၀က
AZKABAN ထဲေ၇ာက်နေသလိုပါပဲ
ယုံကြည်မှုတွေမရှိ
အားနည်းမှု တွေနဲ့
ရက်တွေဆက်နေ
ခဲ့ရတယ်

နံရံပေါ်ကသွေးနဲ့ရေးသောစာ


နတ်သမီးရယ့်
သူများတွေပြောပြောနေကြ
ချစ်ချင်းဆိုတာတွေထက် ပိုတဲ့
မြတ်နိုးမှုနဲ့ပါ့
တမ်းတနေသူ အဖို့တော့
အလွမ်းဆိုတာ
မျှော်လင့်ချက်ပဲမို့လား
ခံစားချက်တွေနဲ့တင် ရင်ခုန်သံ တဟုန်းဟုန်းတောက်လို့
မက်ခဲ့တဲ့မျှော်လင့်ချက်ကို
အသက်သွင်းဖို့က
မင်းအတွက်ရေးတဲ့ကဗျာတွေနဲ့
မင်းရဲ့စကားသံချိုချို
ထပ်တူကျမယ့် ရင်ခုန်သံတွေလိုတယ့်
ကဗျာ့ လို့ ဆိုပေမယ့်
နှလုံးသွေးနဲ့
အသက်သွင်းတဲ့ဝိညာဉ်
မင်းပုံရိပ်လေးတွေနဲ့
မနက်ဖြန်မှာ ဆက်လို့ရှင်သန်နေမယ်
မင်းအတွေးမှာ ငါဆိုတာ
အကျုံးဝင်နေသ၍ပေါ့ ….
ကြာရင်မေ့မယ်
ယေဘူယျဆန်ဆန် သီအိုရီထဲ
ငါ့ကိုပါ သတ်မှတ်ထားပေမယ့်
လေးနက်မိတဲ့ ငါ့မှာတော့
အမှိုက်အဖြစ် ကြွင်းကျန်ရစ်လို့ ….
ဘာပဲဖြစ်ဖြစ်လေ …
မေ့ပျောက်မရနိုင်တဲ့
မြတ်နိုးမှုသမိုင်းမှာ
မင်းပုံရိပ်လေးတွေနဲ့
နှလုံးသားတစ်စုံကတော့
ရောင်းရန်မဟုတ်ဆိုတဲ့
စာသားလေးနဲ့အတူ
အလွမ်းရနံတွေနဲ့လို့
ငါ့တောင်းတလိုချင်မိတာက
ငါ့အလွမ်းတွေကိုဖြိုမယ့် ….
မင်း ရဲ့မေတ္တာလွမ်းသောချစ်ခြင်း
မင်း ….အတွက်
ငါ့နှလုံးသားနရံတိုင်းမှာ
ရေးထိုးထားတဲ့
အက္ခရာစာတစ်တန်းက
မင်း ကို အရမ်းချစ်တယ်